About Us Myanmar

About US

Camel International

Camel International သည် ၁၉၆၈ ခုနှစ်မှ စတင်ကာ လုပ်ငန်းအများစုအတွက် လိုအပ်ချက်များကို အလုံးစုံဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုချိန်တွင် ကျွန်ုပ်တို့လုပ်ငန်း၏ အခန်းကဏ္ဍ ၆ ခု ဖြစ်သော - Camel Food Additives, Camel Cosmetics, Camel Lab, Camel Pharma, Camel OEM, Camel Trading တို့ကို အောင်မြင်စွာချဲ့ထွင်နိုင်ခဲ့ပြီး အခန်းကဏ္ဍတစ်ခုချင်းစီတိုင်းအတွက် အောင်မြင်သော စျေးကွက်စီးပွားရေးတစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်းခံထားရပါသည်။ Camel International သည် ယခုလက်ရှိအချိန်တွင် Germany (ဂျာမဏီ), US (ယူအက်စ်), UK (ယူကေ), France (ပြင်သစ်), Australia (သြစတေးလျ), New Zealand(နယူးဇီလန်), China(တရုတ်), Singapore(စင်္ကာပူ), Japan(ဂျပန်), Korea(ကိုရီးယား), United Arab Emirates(ယူအေအီး), India(အိန္ဒိယ), Thailand(ထိုင်း), Indonesia(အင်ဒိုနီးရှား), Malaysia(မလေးရှား), Myanmar (မြန်မာ) စသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့ ဖောက်သည်များ၏ လိုအပ်ချက်ကို သိရှိနားလည်ပြီး အကောင်းဆုံးသော ထုတ်ကုန်များ ကို သင့်တင့်မျှတသောစျေးနှုန်းများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များသည် ကျွန်ုပ်တို့အတွက် ပထမဦးစားပေး အရေးကြီးဆုံးပင်ဖြစ်ပြီး Camel International လုပ်ငန်းတည်ရှိနေရခြင်း၏ အခြေခံအကြောင်းတစ်ရပ်ပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ကုန်ပစ္စည်းတစ်ခုတည်းကိုသာ အဓိကထားရောင်းချခြင်းမဟုတ်ဘဲ လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် လိုအပ်သော ဖြေရှင်းချက်များပေးခြင်း၊ ဆွေး‌နွေးမှုများဆောင်ရွက်ပေးခြင်း နှင့် ကုန်ပစ္စည်းများကို စျေးကွက်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ညှိနှိုင်းကာ ဝန်ဆောင်မှုပေး၍ ဆောင်ရွက်လျှက်ရှိပါသည်။

ကျွန်ုပ်တို့တွင် အရည်အချင်းပြည့်ဝပြီး ၄င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုရှိပြီး အသိပညာ နှင့် အတွေ့အကြုံများကို လုပ်ဖော်ကိုင်ဖက်များထံမှ လေ့လာသင်ယူနိုင်သော ထိပ်တန်းဝန်ထမ်းများရှိသောကြောင့် ကျွန်ုပ်တို့၏ ဖောက်သည်များထံသို့ အကောင်းဆုံးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအားပေးစွမ်းနိုင်ရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။

Camel International သည် ISO 9001: 2015 နှင့် HACCP အသိအမှတ်ပြုလက်မှတ်များအားရရှိထားပြီး အစားအသောက် နှင့်အဖျော်ယမကာလုပ်ငန်းနယ်ပယ်တွင် ထိုလက်မှတ်များအား မြန်မာနိုင်ငံတွင် ပထမဦးဆုံးရရှိထားသော လုပ်ငန်းအဖွဲ့အစည်းဖြစ်ပါသည်။

History

၁၉၆၈

စတင်တည်ထောင်ချိန်

၁၉၆၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သာမန်စျေးဆိုင်လေးတစ်ခုမှ အုတ်မြစ်ချကာ စတင်ခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၆

လက်လီအရောင်းဆိုင်များအား ချဲ့ထွင်ဖွင့်လှစ်ခြင်း

လက်လီအရောင်းဆိုင်များအား စတင်မိတ်ဆက်ချဲ့ထွင်ဖွင့်လှစ်ခဲ့ပါသည်။

၁၉၉၈

ထိုင်းနိုင်ငံသို့ လုပ်ငန်းများချဲ့ထွင်ခြင်း

ထိုင်းနိုင်ငံရှိ Camel International ရုံးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၂

နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ခြင်း

နိုင်ငံတကာသို့ ဆက်သွယ်ခြင်းနှင့် ‌ရောင်းဝယ်ဖောက်ကားခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

၂၀၀၆

စင်္ကာပူနိုင်ငံသို့ လုပ်ငန်းများချဲ့ထွင်ခြင်း

H.E.D နှင့် စတင်ကာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

၂၀၀၄

စက်ရုံနှင့် ဂိုထောင်တည်ဆောက်ပြီးစီးခြင်း

OEM ဝန်ဆောင်မှုများအား စတင်မိတ်ဆက်ခဲ့ပြီး စက်ရုံနှင့် သိုလှောင်ရုံများအား စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၂၀

လုပ်ငန်းအခန်းကဏ္ဍ ၆ ခု အား စတင်မိတ်ဆက်ခြင်း

• Camel Food Additives
• Camel Cosmetics
• Camel Lab
• Camel Pharma
• Camel OEM
• Camel Trading

၂၀၀၄

စက်ရုံနှင့် ဂိုထောင်တည်ဆောက်ပြီးစီးခြင်း

OEM ဝန်ဆောင်မှုများအား စတင်မိတ်ဆက်ခဲ့ပြီး စက်ရုံနှင့် သိုလှောင်ရုံများအား စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၀၆

စင်္ကာပူနိုင်ငံသို့ လုပ်ငန်းများချဲ့ထွင်ခြင်း

H.E.D နှင့် စတင်ကာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

၂၀၁၂

နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ခြင်း

နိုင်ငံတကာသို့ ဆက်သွယ်ခြင်းနှင့် ‌ရောင်းဝယ်ဖောက်ကားခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

၂၀၂၀

လုပ်ငန်းအခန်းကဏ္ဍ ၆ ခု အား စတင်မိတ်ဆက်ခြင်း

• Camel Food Additives
• Camel Cosmetics
• Camel Lab
• Camel Pharma
• Camel OEM
• Camel Trading

COre businesses

ကျွန်ုပ်တို့၏ လုပ်ငန်းအခန်းကဏ္ဍ ၆ ခု

Camel International သည် ယခုလက်ရှိအချိန်တွင် Germany (ဂျာမဏီ), US (ယူအက်စ်), UK (ယူကေ), France (ပြင်သစ်), Australia (သြစတေးလျ), New Zealand(နယူးဇီလန်), China(တရုတ်), Singapore(စင်္ကာပူ), Japan(ဂျပန်), Korea(ကိုရီးယား), United Arab Emirates(ယူအေအီး), India(အိန္ဒိယ), Thailand(ထိုင်း), Indonesia(အင်ဒိုနီးရှား), Malaysia(မလေးရှား), Myanmar (မြန်မာ) စသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်လျှက်ရှိပြီး အကောင်းမွန်ဆုံးသော ကုန်ပစ္စည်းများအား သင့်တင့်မျှတသောစျေးနှုန်းများနှင့် စျေးကွက်အတွင်း ရောင်းချဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။

Our Certification