Camel Food Additives Myanmar

Business Sector

Camel Food
Additives

Camel Food Additives ကဏ္ဍသည် အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်းရှင်များအတွက် လိုအပ်သော ကုန်ပစ္စည်းဟူသမျှကို ဝန်ဆောင်မှုပေးနိုင်ပါသည်။ စားသောက်ကုန်လုပ်ငန်းများအတွက် ရွေးချယ်စရာ များပြားလှသော - ပါဝင်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်း အမျိုးမျိုးအပြင် ထုတ်ပိုးမှုသုံးကုန်ကြမ်းများ နှင့် စက်ပစ္စည်း အမျိုးမျိုးကိုပါ ဝန်ဆောင်မှုပေးနိုင်ပါသည်။ ထို့အပြင် အကောင်းမွန်ဆုံးသော ကုန်ပစ္စည်းများအား သင့်တင့်မျှတသောစျေးနှုန်းများနှင့် စျေးကွက်အတွင်း ရောင်းချဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။

What we offers

Food Coloring

Food Flavor

Ingredients

Food Packaging Material and Machineries
Food Coloring

Food Coloring ဆိုသည်မှာ အစားအသောက်အရောင်ဆိုးဆေး၊ ရောင်ခြယ်ပစ္စည်း (သို့ ) အ‌ရာဝတ္ထုပစ္စည်းတစ်မျိုးဖြစ်ပြီး အစားအစာ သို့မဟုတ် အဖျော်ယမကာများကို ပိုမိုဆွဲဆောင်နိုင်ပြီး လှပတင့်တယ်မှုရှိစေရန် ထည့်သွင်း အသုံးပြုနိုင်သည်။ အရည်နှင့် အမှုန့်ပုံစံနှစ်မျိုးဖြင့် ရရှိနိုင်ပြီး စီးပွားဖြစ်ထုတ်လုပ်မှုများအပြင် အိမ်တွင်းချက်ပြုတ်မှုများတွင်လည်း အသုံးပြုနိုင်ပါသည်။ Camel International သည် စင်္ကာပူအခြေစိုက် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သော H.E.D Brand ၏ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် စစ်မှန်သောအရည်အသွေး မြင့်မားသော အစားအသောက် အရောင်ဆိုးဆေး မျိုးစုံအား Flavor တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါသည်။

Check Products

Food Flavoring

Food Flavoring ဆိုသည်မှာ အဆီအနှစ်၊ သို့မဟုတ် အရာဝတ္ထုပစ္စည်းတစ်မျိုးဖြစ်ပြီး ၄င်းကို အစားအစာနှင့် အဖျော်ယမကာတို့၏ အနံ့နှင့်အရသာကို မြှင့်တင်နိုင်ရန် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အရည်နှင့် အမှုန့်ပုံစံနှစ်မျိုးဖြင့် လာနိုင်ပြီး စီးပွားဖြစ်ထုတ်လုပ်မှုများအပြင် အိမ်တွင်းချက်ပြုတ်မှုများတွင်လည်း အသုံးပြုနိုင်ပါသည်။ ထောင်သောင်းချီသော အနံ့များကို ရောင်းချဝန်ဆောင်မှုပေးနိုင်ပြီး လိုအပ်ပါက လူကြီးမင်းတို့ ယခင်အသုံးပြုနေသော အနံ့နှင့် တူညီသော အနံ့ကို အခြားကုန်ကျစားရိတ်များ ကုန်ကျစရာမလိုဘဲ ရရှိနိုင်စေရန်အတွက် ဝန်ဆောင်မှုပေးနိုင်ပါသည်။ Camel International သည် စင်္ကာပူအခြေစိုက် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သော H.E.D နှင့် ပြင်သစ်နိုင်ငံမှ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သော Expressions Aromatiques စသော Flavor ကုမ္ပဏီများ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချနေပါသည်။

Food Ingredients

Food Additives ဆိုသည်မှာ အရာဝတ္ထုတစ်မျိုးဖြစ်ပြီး အစားအစာနှင့်အဖျော်ယမကာတို့ ဘေးကင်းစေရန်၊ လတ်ဆတ်မှုရှိစေရန်၊ အရသာ၊ အသွင်အပြင် တို့ကို ထိန်းသိမ်းထားနိုင်သော သို့မဟုတ် ပိုမိုကောင်းမွန်စေရန် စွမ်းဆောင်ပေးနိုင်သောအရာဖြစ်သည်။ ပါဝင်သော အမျိုးအစားများမှာ - - sweeteners(အရသာချိုစေသော ပစ္စည်းများ)၊ hydrocolloids stabilizer & gelling system (အစိုပြန်မှုထိန်းသိမ်းခြင်းနှင့် အရည်ခဲစေသော နည်းစနစ်သုံးပစ္စည်း), emulsifier(အရည်ပျစ်ခဲစေသော ပစ္စည်း), preservatives(တာရှည်ခံဆေးများ), antioxidants (ဓါတ်ပြုမှုကာကွယ်ပစ္စည်း), gluconates (ဂလူးကို့စ်ဓါတ်ပါ ဒြပ်ပေါင်းပစ္စည်းများ), phosphates(မီးစုန်းဓါတ်ပါ ဒြပ်ပေါင်းပစ္စည်းများ), citrates (အချဉ်ဓါတ်ပါ ဒြပ်ပေါင်းပစ္စည်းများ) , lactates (နို့သကြားဓါတ်ပါ ဒြပ်ပေါင်းပစ္စည်းများ), plant extracts(သဘာဝအပင်မှထုတ်လုပ်သော ပစ္စည်းများ), cocoa products (ကိုကိုးမှ ထုတ်လုပ်သော ပစ္စည်းများ), egg products (ကြက်ဥမှထုတ်လုပ်သော ပစ္စည်းများ), acidulants (အချဉ်ဓါတ်ပါ ဒြပ်ပေါင်းပစ္စည်းများ), leaving agent(ဆင့်ပွားပြောင်းလဲစေသော အကူပစ္စည်းများ), soya products (ပဲပုပ်စေ့မှထုတ်လုပ်သော ပစ္စည်းများ), vitamins (ဗီတာမင်ဓါတ်ပါ အားဖြည့်ပစ္စည်းများ), amino acids & derivatives (အသားဓါတ်ကို ဖြစ်စေသည့် အမီနို အက်စစ်နှင့် ဆင့်ပွားပစ္စည်းများ) တို့ဖြစ်သည်။ Camel International သည် စင်္ကာပူအခြေစိုက် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သော H.E.D အပြင် အခြားသော ကုန်အမှတ်တံဆိပ်များ၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချနေပါသည်။ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ချိတ်ဆက်လုပ်ကိုင်လျှက်ရှိပြီး အကောင်းမွန်ဆုံးသော ကုန်ပစ္စည်းများအား သင့်တင့်မျှတသောစျေးနှုန်းများနှင့် ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။
Check Products

Packaging and Machineries

ထုတ်ပိုးမှု ကုန်ပစ္စည်းများတွင် - ခေါင်းစွပ်များ၊ စပ‌ရေးများ၊ ပန့်များ၊ ပုလင်းများ၊ ဘူးများအပြင် အစားအစာနှင့် အ‌ဖျော်ယမကာတို့ကို ထုတ်ပိုးပြီးစီးစေရန်အတွက် လိုအပ်သော ထုတ်ပိုးမှုပစ္စည်းများ အလုံးစုံပါဝင်ပါသည်။ ထုတ်ပိုးမှုပစ္စည်းများအပြင် အစားအစာနှင့် အဖျော်ယမကာများ ထုတ်လုပ်ရန်အတွက် လိုအပ်သော စက်မှုလက်ငန်းသုံး စက်ပစ္စည်းများလည်း ရရှိနိုင်ပါသည်။ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ချိတ်ဆက်လုပ်ကိုင်လျှက်ရှိပြီး အကောင်းမွန်ဆုံးသော ကုန်ပစ္စည်းများအား သင့်တင့်မျှတသောစျေးနှုန်းများနှင့် ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။

We are actively working with over 16 different countries to provide a wide variety of products and competitive pricing.

Check Products