Who We Are
Camel
International
Camel International သည် ၁၉၆၈ ခုနှစ်မှ စတင်ကာ လုပ်ငန်းအများစုအတွက် လိုအပ်ချက်များကို အလုံးစုံဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုချိန်တွင် ကျွန်ုပ်တို့လုပ်ငန်း၏ အခန်းကဏ္ဍ ၆ ခု ဖြစ်သော – Camel Food Additives, Camel Cosmetics, Camel Lab, Camel Pharma, Camel OEM, Camel Trading တို့ကို အောင်မြင်စွာချဲ့ထွင်နိုင်ခဲ့ပြီး အခန်းကဏ္ဍတစ်ခုချင်းစီတိုင်းအတွက် အောင်မြင်သော စျေးကွက်စီးပွားရေးတစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်းခံထားရပါသည်။ Camel International သည် ယခုလက်ရှိအချိန်တွင် Germany (ဂျာမဏီ), US (ယူအက်စ်), UK (ယူကေ), France (ပြင်သစ်), Australia (သြစတေးလျ), New Zealand(နယူးဇီလန်), China(တရုတ်), Singapore(စင်္ကာပူ), Japan(ဂျပန်), Korea(ကိုရီးယား), United Arab Emirates(ယူအေအီး), India(အိန္ဒိယ), Thailand(ထိုင်း), Indonesia(အင်ဒိုနီးရှား), Malaysia(မလေးရှား), Myanmar (မြန်မာ) စသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့ ဖောက်သည်များ၏ လိုအပ်ချက်ကို သိရှိနားလည်ပြီး အကောင်းဆုံးသော ထုတ်ကုန်များ ကို သင့်တင့်မျှတသောစျေးနှုန်းများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များသည် ကျွန်ုပ်တို့အတွက် ပထမဦးစားပေး အရေးကြီးဆုံးပင်ဖြစ်ပြီး Camel International လုပ်ငန်းတည်ရှိနေရခြင်း၏ အခြေခံအကြောင်းတစ်ရပ်ပင် ဖြစ်ပါသည်။

Core businesses
ကျွန်ုပ်တို့၏ လုပ်ငန်းအခန်းကဏ္ဍ ၆ ခု

Camel Food
Additives
Camel Food Additives ကဏ္ဍသည် အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်းရှင်များအတွက် လိုအပ်သော ကုန်ပစ္စည်းဟူသမျှကို ဝန်ဆောင်မှုပေးနိုင်ပါသည်။

Camel
Cosmetics
Camel Cosmetics ကဏ္ဍသည် အလှအပကုန်ပစ္စည်းထုတ်လုပ်သူတို့အတွက် လိုအပ်သော ကုန်ပစ္စည်းများ အားလုံးကို ထောက်ပံ့ဝန်ဆောင်မှုပေးနိုင်ပါသည်။

Camel Lab
Camel Lab ကဏ္ဍတွင် ဓါတ်ခွဲခန်းတစ်ခု စတင်လည်ပတ်နိုင်ရန်အတွက် လိုအပ်ချက်များအားလုံးကို ရရှိနိုင်ပါသည်။

Camel Pharma
Camel Pharma ကဏ္ဍသည် ဆေးဝါးမျိုးစုံကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းအတွက် လိုအပ်သော ကုန်ပစ္စည်းများရရှိနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။

Camel OEM
Camel OEM ကဏ္ဍသည် FMCG ထုတ်ကုန်များကို တစ်နေရာတည်းတွင် အစမှအဆုံး ထုတ်လုပ်ပြီးစီးနိုင်စေရန်အတွက် ဝန်ဆောင်မှုပေးပါသည်။

Camel
Trading
Camel Trading ကဏ္ဍသည် ရေသန့်စင်ခြင်း၊ အထည်အလိပ်၊ အဝတ်အစား၊ စက်ပစ္စည်းများနှင့် အခြားသောကုန်ပစ္စည်းမျိုးစုံအား တင်သွင်းဖြန့်ဖြူးလျှက်ရှိပြီး၊ လုပ်ငန်းရှင်များ၏ လိုအပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုလည်း မိမိတို့ ကုမ္ပဏီမှ အစအဆုံး တာဝန်ယူ၍ Door to Door စနစ်ဖြင့် တင်သွင်းရောင်းချပေးနေပါသည်။
Our products
Our Feature Products
Our Business Partners





Our Client’s Portfolio
recent happenings
CSR Activities
Camel International have contributed over 𝐎𝐯𝐞𝐫 𝟐𝟐 𝐌𝐢𝐥𝐥𝐢𝐨𝐧 Kyats towards the fight against the virus.
Since the Covid 19 outbreak started in Myanmar, Camel International have contributed over 16.5 Million Kyats towards the fight against the virus.
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်အတွက် IDSM သို့လှူဒါန်းငွေကျပ် ၁၂,၇၀၀,၀၀၀၊ Covid ကာလအတွင်း စေတနာ့ဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် လင်းလက်လူမှုကူညီရေးအသင်းသို့
Camel International ၏ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတ္ငင် အသုံးပြုနိုင်ရန် လှူဒါန်းမှု
ကျွန်ုပ်တို့ Camel International သည် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ၁၁.၀၉.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုရုံးသို့