Saturday, Aug 29, 2020

လွယ်လွယ်ကူကူနဲ့ ပျောက်သွားမှာမဟုတ်တဲ့ ကြောက်စရာကောင်းပြီး ကူးစက်နှုန်းမြန်တဲ့ Covid-19 ကို ဆက်လက်ပြီး အတူယှဥ်တွဲ ကာကွယ်ကြပါစို့!

၂၉.၀၈.၂၀၂၀ ရက်နေ့ အတည်ပြုချက်များအရ မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံထားရသူ အတည်ပြုလူနာ ၆၅၆ ယောက် ရှိနေပြီဖြစ်ပါတယ်။

WHO မှ ကာကွယ်ရေးဆိုင်ရာ ဆေးသိပ္ပံပညာရှင်ရဲ့ ပြောစကားအရ Covid-19 ဟာ လွယ်လွယ်နဲ့ ပျောက်ကင်းသွားမှာ မဟုတ်ပါဘူး

ဒါကြောင့် ကျွန်ုပ်တို့ ဆက်လက်ပြီး ရင်ဆိုင်ရမယ့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကိစ္စတွေအတွက် Covid-19 ဟာ ရန်သူတစ်ယောက်ပါပဲ

တိုက်ထုတ်လို့ မရတဲ့ ရန်သူကို မိမိဘက်က တတ်အား‌သရွေ့ ကာကွယ်ထားပြီး အဆင်ပြေအောင် ယှဥ်တွဲနေထိုင်ကာ ဆက်လက်တိုက်ထုတ်ကြရပါမယ်

ဘယ်လိုဆက်လက်ပြီး အဆင်ပြေအောင် ယှဥ်တွဲနေထိုင် ကာကွယ်နေထိုင်သင့်သလဲဆိုရင်တော့-

၁။ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပါ။

၂။ နေကာမျက်မှန် မျက်လုံးကာ မျက်နာကာ တပ်ပါ။

၃ ။ အရာဝတ္ထုတစ်ခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ အိမ်သူအိမ်သားများနှင့် အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားမကောင်းသူ၊ နာမကျန်းသူတွေကိုပါ Covid-19 အလွယ်တကူ မကူးစက်စေရန်အတွက် အပြင်မှ ပြန်ရောက်တိုင်း အဝတ်အစား အသုံးအဆောင်များအား ပိုးသတ်ဆေးဖြင့် သန့်စင်ဆေးကြောပါ။

၄။ လူထူထပ်တဲ့နေရာ ပွဲလမ်းသဘင် တွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ဖြစ်နိုင်ရင် မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။

၅။ တစ်ဦးနဲ့တစ်ဦး အနီးကပ် နေခြင်း၊ လက်ဆွဲနှုတ်ဆက် စကားပြောခြင်း ကို ရှောင်ကျဥ်ပါ။

၆။ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး လူနာများကို ရှောင်ပါ။

၇။ ကိုယ်ခံအားကောင်းအောင် မွေးမြူပါ။ ကိုယ်ခံအားကောင်းနေသရွေ့ Covid-19 မှ အလွယ်တကူ မဝင်ရောက်နိုင်ပါ။

၈။ အသားငါးများအား အစိမ်းစားခြင်း မကျက်တကျက် စားခြင်း မီးကင်စားခြင်း တို့မှ ရှောင်ကျဥ်ပါ။

ဒီလိုအချက်အလက်တွေကိုသာ စနစ်တကျလိုက်နာ ကျင့်သုံးမယ်ဆိုရင်တော့ Covid-19 ကပ်ရောဂါ ကျွန်ုပ်တို့ ကမ္ဘာမြေမှ အလျင်မြန်ဆုံး ထွက်ခွာသွားမှာဖြစ်ပါတယ်။

Camel International မှ Covid-19 မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာပြီး စီးပွားလာဘ်လာဘများတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်