ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် အသုံးဝင်လှတဲ့ Citric Acid…

ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် အသုံးဝင်လှတဲ့ Citric Acid…

Citric Acid သည် အရောင်၊ အနံ့မရှိဘဲ အက်စစ်ဓါတ်ကဲ့သို့ ချဥ်တဲ့အရသာရှိပါတယ်။
Citric Acid သည် ချဥ်သောအရသာရှိပြီး အချဥ်ဓါတ်ရှိတဲ့အသီးတွေဖြစ်တဲ့ လီမွန်၊ သံပုရာ၊ နာနာတ်သီး စတဲ့အသီးများမှာ သဘာဝအတိုင်းတွေ့ရှိနိုင်ပါတယ်။
ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ Citric Acid သည် ဆားကဲ့သို့ သေးငယ်ပြီး ၊ အကြည်ရောင်ပုံစံခဲ အသွင်ရှိပါတယ်။ ရေမှာ အလွယ်တကူပျော်ဝင်နိုင်ပြီး Citric Acid ကို Mono နှင့် Anhydrous အဖြစ် နှစ်မျိုးနှစ်စား ရရှိနိုင်ပါတယ်။
ချဥ်သည့် အရသာရှိတဲ့အတွက် ခံတွင်းရှင်းစေတဲ့အပြင် ဘေးဥပါဒ်မဖြစ်စေနိုင်တဲ့အတွက်
Citric Acid သည် ကမ္ဘာအနှံ့အပြားမှာရှိတဲ့ စားသောက်ကုန်၊ လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးအများဆုံး Food Additives တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။

ဘာကြောင့် Citric Acid ကို အသုံးပြုများကြတာလဲ?

စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ Citric Acid ကို အချဥ်အရသာ မြှင့်တင်ပေးနိုင်တဲ့ (Flavoring) အဖြစ်သုံးနိုင်ပြီး ကြာရှည်အထားခံစေနိုင်ဖို့အတွက် Preserving Agent အနေနဲ့လည်း ထည့်သွင်း အသုံးပြုကြပါတယ်။ဒါ့အပြင် Citric Acid ကို စားသောက်ကုန်တွေရဲ့ အချဥ်ဓါတ်ကို မြှင့်တင်ပေးနိုင်စေဖို့၊ အရသာကို ပိုမိုကောင်းမွန်စေဖို့၊ ပါဝင်ပစ္စည်းတွေကို ကြာရှည်ထိန်းသိမ်းနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် Citric Acid ကို ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါ့အပြင် Citric Acid ကို အစားအသောက်ထဲတင်မကပါဘူး ဆေးဝါး၊ ဖြည့်စွက်စာ Supplements နှင့် သန့်ရှင်းရေးအေထာက်အကူပြုပစ္စည်း Cleansing Agent ထုတ်လုပ်ရေး လုပ်ငန်းတွေမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။

စသဖြင့် Citric Acid ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထုတ်ကုန်တော်တော်များများမှာ ထည့်သွင်းအသုံးပြုနိုင်တာကြောင့် ကုန်ထုတ်လုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်နေတာပါ။

ကျန်းမာရေးအတွက် အကျိုးပြုပုံ

စွမ်းအင်မြှင့်တင်ပေးနိုင်ခြင်း – Citric Acid မှာ ပါဝင်တဲ့ ဓါတ်အချို့ဟာ စားသုံးလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

အာဟာရဓါတ်စုပ်ယူမှု အားကောင်းစေခြင်း – Citric acid သည် သတ္တုဓာတ်များ၏ ဇီဝရရှိနိုင်မှုကို မြှင့်တင်ပေးနိုင်ပြီးပြီး ခန္ဓာကိုယ်မှ ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေပါတယ်။ဥပမာအားဖြင့် – ကယ်လ်စီယမ် citrate သည် အစာအိမ်အက်ဆစ်ကို စုပ်ယူရန် မလိုအပ်ပါ။ ကယ်လ်စီယမ်ကာဗွန်နိတ်ဟုခေါ်သော အခြားပုံစံများထက် လေပွခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုး များကို မဖြစ်စေနိုင်ပါ။
ဒါကြောင့် ကယ်လ်စီယမ် citrate သည် သက်ကြီးရွယ်အိုများကဲ့သို့ အစာအိမ်အက်ဆစ်နည်းသောသူများအတွက် ပိုမိုကောင်းမွန်သောရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။

ကျောက်ကပ်ကို ကာကွယ်ပေးနိုင်ခြင်း – Potassium Citrate form ဖြစ်သော Citric Acid သည် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်သလို ကျောက်ကပ်တွင် တည်နေသော ကျောက်များကိုလဲ ခြေဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

Citric Acid ကို ဘယ်လိုနယ်ပယ်တွေမှာ ဘယ်လို အသုံးချနိုင်သလဲ….

စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ 70% ၊ ဆေးဝါးနှင့် ဖြည့်စွက်စာထုတ်လုပ်ရေးအတွက် 20%၊ ကျန် 10% ကိုတော့ Cleansing Agent ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ လိုအပ်သလို အသုံးချကြပါတယ်။
Citric Acid မှာ ကိုယ်ပိုင်ဂုဏ်သတ္တိနဲ့ အသုံးဝင်ပုံတွေအများကြီးရှိတာကြောင့် ထုတ်လုပ်မယ့် ကုန်ပစ္စည်းခုချင်းစီအလိုက် အသုံးဝင်ပုံအချို့ကို ဖော်ပြပေးလိုက်ရပါတယ်…

Food and Beverage Manufacturing
စည်သွပ်ဘူးတွေနဲ့ အသီးအရွက်အနှံစည်သွတ်ဗူးတွေ ထုတ်လုပ်ရာမှာ Citric Acid ကို ထည့်သွင်းအသုံးပြုမယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေသော Clostridium botulinum bacteria များပေါက်ဖွားခြင်းမှကာကွယ်ပေးနိုင်ပါသည်။
Citric Acid ကို Soda, အချိုရည်, အအေး, သကြားလုံး, အချဥ်ရည်, အေးခဲ စားသောက်ကုန်၊ စည်သွတ်ဗူး နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ Flavoring အနေနဲ့ရော Preservatives အနေနဲ့ရော ထည့်သွင်းအသုံးပြုကြပါတယ်။

Cosmetics and Skin Care Products Manufacturing

အလှကုန်နှင့် အသားအရည်ထိန်းသိမ်းရေးထုတ်ကုန်တွေအတွက် Citric Acid ဟာ အသားအရည်ကို ညီညာစေပြီး၊ ဖြူစင်စေနိုင်သော, အမဲစက်တွေကို သက်သာစေနိုင်သော ၊ အရေးအကြောင်းတွေကို ပျောက်ကင်းစေနိုင်သော အစရှိတဲ့ ဂုဏ်သတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။

pH Levels ထိန်းချုပ်နိုင်တဲ့ ပါဝင်ပစ္စည်းအဖြစ် အလှကုန်ပစ္စည်းတော်တော်များများမှာလဲ ထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။

Soap, Body wash, nail polish, Face Cleanser, Shampoo အပြင် အခြားသော အလှအပနှင့် ပတ်သတ်တဲ့ ထုတ်ကုန်များတွင်လဲ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Pharmaceutical

ဆေးဝါးများဖော်စပ်ထုတ်လုပ်ရာမှာ ဘေးဥပါဒ်ဖြစ်စေသော ပိုးမွှားများ အန္တရာယ်မှကာကွယ်ပေးနိုင်ရန်နှင့် ဆီးချိုရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ဆေးလိပ်သောက်သုံးသူများတွင် အဖြစ်များသော အရေပြားပေါ်ရှိ ရောဂါပိုးမွှားများကို ကာကွယ်ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

Cleaning Agent

Citric Acid ကို Water Softener အဖြစ် ဆပ်ပြာတွေမှာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

မီးဖိုချောင်နဲ့ ရေချိုးခန်း သန့်စင်ဆေးတော်တော်များများမှာ Citric Acid ကို ထည့်သွင်းအသုံးပြုကြောင်း တွေ့နိုင်ပါသည်။

Citric Acid ကို သန့်ရှင်းရေးအတွက်သာမက အစွန်းချွတ်ရာမှာလဲ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လိုအပ်သလို အသုံးချနိုင်တဲ့အပြင် ဘေးထွက် ဆိုးကျိုးလဲ မရှိတဲ့ Citric Acid ကို လူကြီးမင်းတို့ ထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးလိုနေပြီဆိုရင်တော့ Camel International ကို သတိရလိုက်ပါ။

နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နေတာကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ ကုန်ပစ္စည်း အမျိုးအစားတိုင်းကို သင့်တင့်လျောက်ပတ်သော စျေးနှုန်းနဲ့ ရရှိနိုင်မှာ အသေအချာပါပဲ။

ကုန်ထုတ်လုပ်ငန်းတိုင်းအတွက် ကုန်ပစ္စည်းအမျိုးအစား များစွာအပြင် အခြားသော ဝန်ဆောင်မှုများပါရရှိနိုင်တဲ့အတွက် ကျွန်ုပ်တို့ Camel International ကို ယခုပဲ ဆက်သွယ်လိုက်ပါ။

လက်မလွှတ်သင့်တဲ့ အခွင့်အေရး နဲ့အတူ Stay Home မှာ ဝင်ငွေတွေတိုးကြမယ်…

ဒီလိုချိန် မသုံးမဖြစ် သုံးနေရတဲ့ လက်သန့်ဆေးရည်ဖြစ်တဲ့ Safe Plus ကို အများနဲ့မတူ စျေးသက်သာစွာနဲ့ လက်လီ/လက်ကား ရောင်းချပေးနေတာကြောင့် အပြင်ထွက်ချိန် 100 Ml ဗူးေလးေတွကို ကိုယ်နဲ့မကွာဆောင်ပြီး သုံးရင် ပဲဖြစ်ဖြစ်အိမ်ပြန်ရောက်ချိန် 500 Ml ဗူးလေးတေွကို အသုံးပြုရင်ပဲဖြစ်ဖြစ် ဗူးဆိုဒ်စုံကို ပြန်တင်ပြီးရောင်းရင်လဲ ဝင်ငွေတွေလဲတိုးပြီးရင်းတိုးဦးမှာဆိုတော့ အခုချက်ချင်းပဲ မှာယူလိုက်တော့နော်…

Lock Down ကာလမှာလမှာလဲ အိမ်အရောက် ဝန်ဆောင်မှုနဲ့ ပို့ဆောင်ပေးသွားမှာမို့လို့ အခုပဲ Facebook Page Messenger (သို့) Hot Line – 09 977 163 417 ကို ဆက်သွယ်ပြီး မှာယူလိုက်တော့‎ေနာ်

လွယ်လွယ်ကူကူနဲ့ ပျောက်သွားမှာမဟုတ်တဲ့ ကြောက်စရာကောင်းပြီး ကူးစက်နှုန်းမြန်တဲ့ Covid-19 ကို ဆက်လက်ပြီး အတူယှဥ်တွဲ ကာကွယ်ကြပါစို့!

၂၉.၀၈.၂၀၂၀ ရက်နေ့ အတည်ပြုချက်များအရ မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံထားရသူ အတည်ပြုလူနာ ၆၅၆ ယောက် ရှိနေပြီဖြစ်ပါတယ်။

WHO မှ ကာကွယ်ရေးဆိုင်ရာ ဆေးသိပ္ပံပညာရှင်ရဲ့ ပြောစကားအရ Covid-19 ဟာ လွယ်လွယ်နဲ့ ပျောက်ကင်းသွားမှာ မဟုတ်ပါဘူး

ဒါကြောင့် ကျွန်ုပ်တို့ ဆက်လက်ပြီး ရင်ဆိုင်ရမယ့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကိစ္စတွေအတွက် Covid-19 ဟာ ရန်သူတစ်ယောက်ပါပဲ

တိုက်ထုတ်လို့ မရတဲ့ ရန်သူကို မိမိဘက်က တတ်အား‌သရွေ့ ကာကွယ်ထားပြီး အဆင်ပြေအောင် ယှဥ်တွဲနေထိုင်ကာ ဆက်လက်တိုက်ထုတ်ကြရပါမယ်

ဘယ်လိုဆက်လက်ပြီး အဆင်ပြေအောင် ယှဥ်တွဲနေထိုင် ကာကွယ်နေထိုင်သင့်သလဲဆိုရင်တော့-

၁။ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပါ။

၂။ နေကာမျက်မှန် မျက်လုံးကာ မျက်နာကာ တပ်ပါ။

၃ ။ အရာဝတ္ထုတစ်ခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ အိမ်သူအိမ်သားများနှင့် အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားမကောင်းသူ၊ နာမကျန်းသူတွေကိုပါ Covid-19 အလွယ်တကူ မကူးစက်စေရန်အတွက် အပြင်မှ ပြန်ရောက်တိုင်း အဝတ်အစား အသုံးအဆောင်များအား ပိုးသတ်ဆေးဖြင့် သန့်စင်ဆေးကြောပါ။

၄။ လူထူထပ်တဲ့နေရာ ပွဲလမ်းသဘင် တွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ဖြစ်နိုင်ရင် မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။

၅။ တစ်ဦးနဲ့တစ်ဦး အနီးကပ် နေခြင်း၊ လက်ဆွဲနှုတ်ဆက် စကားပြောခြင်း ကို ရှောင်ကျဥ်ပါ။

၆။ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး လူနာများကို ရှောင်ပါ။

၇။ ကိုယ်ခံအားကောင်းအောင် မွေးမြူပါ။ ကိုယ်ခံအားကောင်းနေသရွေ့ Covid-19 မှ အလွယ်တကူ မဝင်ရောက်နိုင်ပါ။

၈။ အသားငါးများအား အစိမ်းစားခြင်း မကျက်တကျက် စားခြင်း မီးကင်စားခြင်း တို့မှ ရှောင်ကျဥ်ပါ။

ဒီလိုအချက်အလက်တွေကိုသာ စနစ်တကျလိုက်နာ ကျင့်သုံးမယ်ဆိုရင်တော့ Covid-19 ကပ်ရောဂါ ကျွန်ုပ်တို့ ကမ္ဘာမြေမှ အလျင်မြန်ဆုံး ထွက်ခွာသွားမှာဖြစ်ပါတယ်။

Camel International မှ Covid-19 မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာပြီး စီးပွားလာဘ်လာဘများတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်